တောင်သာ  ၁၄  ဇန်နဝါရီ  

စက်မှုဝန်ကြီးဌာန အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)နှင့်မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း မြင်းခြံခရိုင်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၈၈)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက တောင်သာမြို့ မဟာပဏိတဓမ္မရိပ်သာကျောင်းတိုက်အတွင်း ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)၊ကျောင်းအုပ်ကြီးဦးမျိုးကိုကို ကသင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း၊ မြင်းခြံခရိုင် လျှပ်စစ်မန်နေဂျာ ဦးမြသောင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေလင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် စက်မှုနှင့် အသက်မွေးပညာရွေ့လျား သင်တန်းအမှတ်စဉ်(၈၈)သင်တန်းဖွင့်ပွဲအပြီးတွင် သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းဆောင်ရွက်ရန် ခင်းကျင်းပြသထားမှုများအားတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့သည်။စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၈၈) သင်တန်းတွင်သင်တန်းသား(၆၀)ဦးတက်ရောက်ခဲ့ပြီး  ဇန်နဝါရီလ(၁၄)ရက်မှ(၂၈)ရက်နေ့အထိနှစ်ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)