မကွေး၊  ၆   ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် သမဝါယမအသင်းစုနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူ့အားမာန် မျိုးစေ့ထုတ်သမဝါယမအသင်းက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အထောက်အပံ့ဖြင့် ဆင်းသုခမျိုးသန့်စပါးများကို စိုက်ပျိုးခဲ့ပြီး ယခုအခါ ထွက်ရှိလာသော ဆင်းသုခစပါးမျိုးများကို ဒေသအတွင်းနှင့် အခြားဒေသရှိ တောင်သူဦးကြီးများထံသို့ ဆက်လက် ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်သည်။

 

ထို့အပြင် ပဲတီစိမ်းရေဆင်း ၁၄ မျိုးကို စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် စီပီအစေ့ထုတ်ပြောင်း၊ ကြက်သွန်နီ၊ ကုလားပဲ၊ နှမ်းနှင့် မြေပဲ၊ အခြားသီးနှံများကိုလည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။

သတင်းစဉ်