ရေစကြို ၃၁ မေ
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် အသင်းသားများ၏ဆန္ဒနှင့်အညီ တောင်သူ့ အားမာန်မျိုးစေ့ထုတ် သမဝါယမ အသင်းကို ဖွဲ့စည်းခဲ့ပြီး ပဲတီစိမ်းမျိုး(ရေဆင်း-၁၄) မျိုးကောင်းမျိုးသန့် များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ အသင်းအချင်းချင်းဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် တောရတနာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ စိုက်ဧက (၂၃)ဧကအတွက် (၁၁.၅)တင်း၊ ရွှေသူစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ စိုက်ဧက (၈၄)ဧကအတွက် (၄၂)တင်း၊ ပခန်းငယ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ စိုက်ဧက (၄၀) အတွက် (၂၀)တင်းတို့ကို ပဲတီစိမ်းမျိုးတစ်တင်းလျှင် (၄၅၀ဝ၀/-)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။ ပဲတီစိမ်းမျိုး (ရေဆင်း-၁၄)အားဝယ်ယူလိုသောတောင်သူဦးကြီးများအနေဖြင့် ရေစကြိုမြို့နယ် သမဝါယမ အသင်းစု ဖုန်းနံပါတ် ဝ၉-၂၅၆၁၄၂၉၃၇ ထံသို့ ဆက်သွယ်မှာယူရရှိနိုင်ပါကြောင်း သိရှိရသည်။
MDN


