၁။ တောင်သူလယ်သမားများဉီးကြီးများ၏ စိုက်ပျိုးစရိတ်လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်အနေဖြင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများသို့ နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေ များကို ထုတ်ချေးပေးလျက်ရှိပါသည်။ ယခုအခါ သီးနှံအမျိုးအစားအလိုက် စပါး ၁ ဧက ကျပ် ၁၅၀ဝ၀ဝ နှုန်း၊ အခြားသီးနှံများနှင့် ချက်ကြံကို ၁ ဧက ကျပ် ၁၀ဝ၀ဝ၀ နှုန်းဖြင့် တောင်သူ တစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းကို ဘဏ်မှ အပေါင်အဖြစ်ရယူ၍ တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသောစနစ်ဖြင့် ချေးငွေများရယူနိုင် ပါသည်။
၂။ ယခုအစိုးရကာလ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧကကျပ် (၁) သိန်းမှ (၁) သိန်းခွဲသို့လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ် (၂) သောင်းမှ (၅) သောင်းသို့ လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် (၅) သောင်းမှ (၁) သိန်း သို့လည်း ကောင်း ချေးငွေနှုန်းထား (၃) ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်ပါသည်။
၃။ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် လက်ရှိထုတ်ချေးပေးလျက်ရှိသော သီးနှံ ၁၄ မျိုးအပြင် ထပ်မံ တိုးချဲ့၍ ပဲမျိုးစုံ ၄ မျိုး (ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ)၊ ဆီထွက်သီးနှံ ၂ မျိုး (ပန်းနှမ်း၊ နေကြာ)၊ စားဖို ဆောင်သီးနှံ ၂ မျိုး (ကြက်သွန်နီ၊ ငရုတ်) စသည့် ပြည်ပပို့ကုန်နှင့် ပြည်တွင်းတွင် စားသုံးမှုများပြားသော အခြားသီးနှံ ၈ မျိုးကို ဆောင်းချေးငွေမှစတင်ပြီး ယခင်နှစ်နှုန်းထား အတိုင်း ထုတ်ချေးသွားမည်ဖြစ်ပါသည်။
၄။ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမည့် ကာလနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် အကြောင်းအရာ ထုတ်ချေးမည့်ကာလ ပြန်ဆပ်မည့်ကာလ
(က) ဆောင်းချေးငွေ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ဒီဇင်ဘာလကုန်အထိ ရက်နေ့ နောက်ဆုံး
(ခ) မိုးကြိုချေးငွေ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလဆန်းမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်
မတ်လကုန်အထိ နောက်ဆုံး
(ဂ) မိုးချေးငွေ ၂၀၂၀ ပြည့်နှစ်၊ မေလဆန်းမှ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့
စက်တင်ဘာလကုန်အထိ နောက်ဆုံး
- ၂ -
၅။ ဆောင်းချေးငွေကို ယခင်နှစ်များက အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလကုန်အထိ ထုတ် ချေးပေးပြီး၊ နောက်နှစ် ဇွန်လကုန်တွင် နောက်ဆုံးပေးဆပ်ရန် သတ်မှတ်ခဲ့ရာမှ တောင်သူများ ချေးငွေပေးဆပ်မှုအဆင်ပြေစေရန်အတွက် ယခုနှစ်တွင် ပေးဆပ်ရန်နောက်ဆုံးရက်ကို စက်တင် ဘာ ၁၅ ရက်နေ့အထိ သတ်မှတ်ပေးထားပါသည်။
၆။ တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန


