မယ်စဲ့   ၂၀   ဒီဇင်ဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရေး အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဗဟုသုတများရရှိခြင်းဖြင့် မိမိတို့စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ အရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူး၍ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ဒီဇင်ဘာ ၁၉ ရက်က မယ်ဆည်နမ် ကျေးရွာအုပ်စု၊ နမ့်ပိန်းလင် ကျေးရွာခန်းမဆောင်၌ ကျင်းပသည်။

 

ာိည

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဘောလခဲ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိဦးအောင်ကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းက ဒေသခံတောင်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးရေးနည်းပညာများကို သိရှိပြီး လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် အစားအစာများ ဘေးကင်းလုံခြုံမှုနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာအရောက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

4

 

အဆိုပါ သင်တန်းကို မယ်ဆည်နမ် ကျေးရွာအုပ်စုအတွင်းမှ သင်တန်းသားဉီးရေ ၅၀ တက်ရောက်ပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒီဇင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ (၃) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)