တောင်တွင်းကြီး   ၇   အောက်တိုဘာ    

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဒေသအတွင်းပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း (အခမဲ့)သင်တန်းကို အောက်တိုဘာ ၉ ရက် နံနက် ၁၀နာရီ အချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို လုပ်ငန်းရှင် ဦးဇော်ဇော်အောင်က ဘက်စုံသုံး၊ အဝတ်လျှော်သုံး၊ ပန်းကန်ဆေး ဆပ်ပြာဆီပြုလုပ်ပုံ အဆင့်ဆင့်တို့ကို စာတွေ့၊လက်တွေ့ သင်ကြား ပေးခြင်းနှင့် သင်တန်းသူ၊ သင်တန်းသား ၃၀ အတွက် လိုအပ်သော ဆပ်ပြာဆီပြုလုပ်နည်း ကုန်ကြမ်း ပစ္စည်းများကို စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ဝင်း (ပြန်/ဆက်)