တောင်တွင်းကြီး ၅ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများကို စွမ်းအားမိသားစုမှ ယနေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ဦးစိုးဝင်း+ဒေါ်ခင်မာဆွေ၊ ဦးထိုင်+ဒေါ်အေးအေး "စွမ်းအား" မိသားစုမှ စုစုပေါင်း ငွေကျပ် ၁၀၂၅၀၀၀ ကျပ်တန်ဖိုးရှိ oxygen concentrator (၁)လုံး၊ PPE (၁၀)စုံ၊ N95 (၅)ခု၊ Surgical Gown (၁၀)စုံ ကို လှူဒါန်းခဲ့ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါက်တာကြည်မျိုးမှ တောင်တွင်းကြီးမြို့နယ်၏ ကိုဗစ်လုပ်ငန်းများအတွက် လိုအပ်သော နေရာများတွင် အသုံးပြုရန် အလှူငွေ ၁၀၀၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


