တောင်တွင်းကြီး မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျောင်းသား၊ ကျောင်းသူ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့က လူငယ်ရေးရာအသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖြင့် ပြည့်စုံစေပြီး နောင်အနာဂတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးအကြောင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်မျိုးဆွေတို့က ကျန်းမာရေးကဏ္ဍ၏ အရေးကြီးပုံနှင့် နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်သဖြင့် မိမိတို့ဝါသနာပါရာအလိုက် သင်တန်းများကို တက်ရောက်နိုင်ပါကြောင်း အသီးသီးဟောပြောခဲ့ကြသည်။
လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)


