တောင်တွင်းကြီး  ၂၀  စက်တင်ဘာ   

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စားသုးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စားသုံးရန် မသင့်သော စားသောက်ကုန်များ နှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှုရှိ /မရှိကို ယနေ့နံနက် (၁၀) နာရီက မြို့မဈေးအတွင်း/အပြင်ရှိဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနတာဝန်ခံ ဒေါ်ဌေး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဌေး၊ ကျန်းမာရေးဌာန၊ တိုင်းရင်းဆေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များအား ရှောင်တခင် စစ်ဆေးခဲ့ပြီး စားသုံးရန်မသင့်သော စားသောက်ကုန်များ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆိုးဆေးပါသော ထုတ်ကုန်များ၊ ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ် တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန် မသင့်လျော်သည့် မုန့်များ မရောင်းချရန် တားမြစ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သက်တမ်းလွန်မုန့်များနှင့် အချိုရည်ပုလင်းများအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)