နေပြည်တော် ၂၃  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ အောက်တိုဘာလ ၂၂ ရက် နံနက် ၁ နာရီက လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် တောင်ပြင်(၂)ရပ်ကွက်၊ ရုံးကြီးလမ်းသွယ်ရှိ နေအိမ်ခြံဝင်းအတွင်းသို့ အမျိုးသား ၁ ဦး ပြေးဝင် သွားသည်ကို မသင်္ကာဖွယ် တွေ့ရှိ၍ သွားရောက်စစ်ဆေးရာ ၎င်းနေအိမ်ရှေ့ လမ်းဘေးတွင် ငွေ ကျပ် ၁,ဝ၀၇,၅၀ဝ အား ပြန့်ကျဲလျက် တွေ့ရှိခဲ့သဖြင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ ထိန်ဝင်း(၂၄)နှစ်အား တွေ့ရှိရပြီး စစ်မေးရာ နေအိမ်ရှေ့လမ်းပေါ်မှ ငွေများသည် ၎င်းရပ်ကွက် လမ်းမဘေးတွင် ရပ်တန့်ထားသော ဆိုင်ကယ် ၁ စီး၏ တူးဘောက်အတွင်းမှ ခိုးယူလာခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါ ငွေများနှင့်အတူ ရွှေထည်ပစ္စည်းများပါသည့် အမျိုးသမီးလက်ကိုင်အိတ် ၁ လုံး အား ခိုးယူလာခြင်းဖြစ်ပြီး နေအိမ်သို့ပြန်လာစဉ် လှည့်ကင်းအဖွဲ့အားတွေ့မြင်၍ ရွှေထည် ပစ္စည်း များအား ခြံဝင်းထောင့် ချုံစပ်တွင် ဝှက်ထားကာ ငွေများအားဝှက်ထားရန် နေအိမ်ခေါင်မိုးပေါ်သို့ ပစ်တင်စဉ် ရှေ့လမ်းမပေါ်သို့ ကျရောက်သွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သက်သေခံ ပစ္စည်းများအား လိုက်လံသိမ်းဆည်းရာ စုစုပေါင်း ရွှေထည်ပစ္စည်းမျိုးစုံ ၁၃ မျိုး (တန်ဖိုးငွေကျပ် ၃၇.၅ သိန်းခန့်)နှင့် ငွေ ၁,ဝ၀၇,၅၀ဝ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊

 

ဖြစ်စဉ်နှင့် ပတ်သက်၍  ထိန်ဝင်းအား တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၅၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ရွှေထည်ပစ္စည်းများနှင့် ငွေများ၏ ပိုင်ရှင်အား စုံစမ်းရှာဖွေလျက်ရှိ ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)