တောင်တွင်ကြီး ၃၁ ဇန်နဝါရီ
တောင်တွင်းကြီးမြို့နယ် စစ်သားကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် ၂ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါကျေးရွာနေ တောင်သူ ဦးကြည်ဝင်း၏ သုံးပင်ပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ခြံဝင်း တစ်ခုတည်းရှိ ဦးမျိူးခိုင်၏ လေးပင်သုံးပင် သွပ်မိုး၊ ထရံကာ ပျဉ်ခင်း နှစ်ထပ်အိမ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းနှင့် ဦးကြည်ဝင်းအား ဆတ်သွားနယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
နိုင်ဝင်း