တောင်တွင်းကြီး  ၁၇  ဇူလိုင်   


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  ကျင်းပသည့် မြို့နယ်လူငယ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းလမ်းညွှန်မှုများ လူငယ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် များစီမံချက်များ၊ ကျန်းမာရေး၊ ပညာရေးစသည့် အထွေထွေကိစ္စရပ်များကို လူငယ်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။        
     

"ကျွန်တော်တို့ လူငယ်ကော်မတီအနေနဲ့ ရပ်/ကျေးရွာ အရောက်ကွင်းဆင်းမယ်။ လူငယ်တွေနဲ့ တွေဆုံမိတ်ဆက်ပွဲတွေ လုပ်ပေးမယ်။ စာသင်ကျောင်းတွေအရောက် သွားမယ်။ ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံမိတ်ဆက်ပွဲတွေ ကျင်းပပေးမယ်။ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေကို အလေးထား ဆောင်ရွက်သွားမယ်။ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးစတဲ့ မှုခင်းမဖြစ်ပွားအောင် တာဝန်ရှိသူတွေ ပြည်သူတွေနဲ့ ပူးပေါင်းသွားမယ်။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရရှိအောင် ဆောင်ရွက်ပေးမယ်။ သွေးလွန် တုပ်ကွေးရောဂါနဲ့ သက်ငယ်မုဒိမ်းများ မဖြစ်ပွားစေရေး မြို့ရွာ သန့်ရှင်းရေး လုပ်ငန်းများကို တာဝန်ရှိသူတွေပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်' ဟု လူငယ်ကော်မတီ အတွင်းရေးမှူး ကိုဝင်းမင်းလတ်က ပြောကြားသည်။                                      

        
နိုင်ဝင်း(တောင်တွင်းကြီး)