တောင်တွင်းကြီး၊ ၁၅ ဒီဇင်ဘာ 

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမူလခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငါးခုံးမကျေးရွာ စက်ရေတွင်း၊ ရေစက်ရုံ၊ ရေကန်တည်ဆောင်ခြင်း  လုပ်ငန်းနှင့် ပျိုးခင်းသိုက်ကေျးရွာ စက်ရေတွင်း၊ ရေစက်ရုံ၊ စင်မြင့်ရေစင်တည်ဆောင်ခြင်း လုပ်ငန်းတို့အား ဒီဇင်ဘာ ၁၁ ရက်က   မကွေးခရိုင်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးနှင့်  ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု ကြပ်မတ်ခဲ့ပြီး  ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရေကော်မတီ၊ ရပ်မိရပ်ဖများနှင့်အတူ ရေစက်ရုံ ၊ ရေကန်တည်ဆောက်မည့် နေရာများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်၊၊

အဆိုပါ စက်ရေတွင်းနှင့် ရေစက်ရုံ ၊ ရေကန် တည်ဆောက်ပြီးစီးပါက ကျေးရွာသူ/ကျေးရွာသား များအတွက် ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

မေဇင်ထွန်း (မကွေးခရိုင်ကျေးလက်)