တောင်တွင်းကြီး ဇူလိုင် ၁၃

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုကဗျာရွတ်ဆိုပြိုင်ပွဲကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ကျင်းပရာ အမှတ်(၉၀) အခြေခံပညာ အလယ်တန်းကျောင်း(မြို့မ)မှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၈ ဦးက အာဇာနည်နေ့နှင့် ပတ်သက်သည့်အကြောင်းအရာများကို မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဥ်ဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ကျောင်းသား ကျောင်းသူများက ခင်ကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အောင်ကို(ပြန်/ဆက်)