တောင်တွင်းကြီး   အောက်တိုဘာ   ၂၉

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်ဆီစက်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍  ပြည်သူများအား ကိုဗစ်ကာလအတွင်း စား၀တ်နေရေး အဆင်ပြေစေရန် MEC မှ ထုတ်လုပ်သည့် စားသုံးဆီများကို ဈေးကားများဖြင့် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ပြည်သူများလက်၀ယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

 

ရောင်းချရာတွင် ဆီတစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ရွှေလျားမော်တော်ယာဉ်ဖြင့် လာရောက် ရောင်းချပေးခြင်းဖြစ်ပြီး စားသုံးဆီများ လှည့်လည်ရောင်းချခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး‌ ဒေါ်ဌေးဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

(၀၈၅)