တောင်တွင်းကြီး ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန်အဖြစ် ကျေးရွာအုပ်စု (၇၃)အုပ်စုရှိ လယ်ယာမြေများတွင် မေလဆန်းက မိုးဦးမိုးဖြင့်စိုက်ပျိုးခဲ့သည့် မိုးနှမ်းသီးသန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

 

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန်အဖြစ် မိုးနှမ်းစိုက်ဧကအထူးဇုန်ရှိ ကျေးရွာအုပ်စု (၇၃)အုပ်စုတွင် လျာထားဧက (၅၉၆၆၅)ဧကရှိပြီး ဧကအားလုံး ရာနှုန်းပြည့် စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် အထူးဇုန်ပြင်ပတွင် လျာထားဧက (၅၅၃၁၈)ဧကတွင် စိုက်ပြီးဧက (၅၈၀၄၆)ဧက ဖြစ်ကြောင်း၊ အထူးဇုန်နှင့် ဇုန်ပြင်ပ လျာထားဧက စုစုပေါင်း (၁၁၄၉၈၃)ဧကဖြစ်ပြီး စိုက်ပြီးဧက (၁၁၇၇၁၁)ဧက ဖြစ်သည့်အတွက် လျာထားချက်ထက် (၂၇၂၈)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရန်နောင်စိုး (ပြန်/ဆက်)