တောင်တွင်းကြီး ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံတောင်သူများက ရန်ပယ်ဆည်၊ ကင်ပွန်းတောင်ဆည်၊ ငမင်ဆည်၊ ဘန်းကုန်းဆည်၊ ရတနာပွင့်လှ ကန်တော်ကြီး ဆည်ရေတို့ဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံတောင်သူများ မိုးစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဇွန် ၁၅ ရက်မှ စတင်၍ ဆည်အသီးသီးမှ ဆည်ရေများကို လက်ဝဲ၊ လက်ယာ မြောင်းမကြီး၊ လက်တံမြောင်း အသီးသီးမှတစ်ဆင့် ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် ရန်ပယ်ဆည်ရေဖြင့် ၃၇၄၄ ဧက၊ ငမင်ဆည်ရေဖြင့် ၁၉၈၄ ဧက၊ ကင်ပွန်းတောင်ဆည်ရေဖြင့် ၃၇၀၅ ဧက၊ ဘန်းကုန်းဆည်ရေဖြင့် ၂၂၇၇ ဧက၊ ကန်တော်ကြီး ဆည်ရေဖြင့် ၁၂၉၄ ဧက၊ ယင်းမလည်ဆည်ရေဖြင့် ၃၇၂ ဧက၊ ကျောက်မိချောင်း ဆည်ရေဖြင့် ၁၀၈၄ ဧက၊ အခြားဆည်ငယ်၊ ကန်ငယ်များနှင့် မိုးကောင်းသောက်စနစ်ဖြင့် ၈၃၃၃၂ ဧက စုစုပေါင်း မိုးစပါးသီးနှံ ၉၇၇၉၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)