မကွေး ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသော သကြားစက်ရုံ (ကံလှ)မှ အာမခံအလုပ်သမား ဦးအောင်လှိုင်စိုး၏ လုပ်ငန်းခွင့်အတွင်း ထိခိုက်မှုကြောင့် သေဆုံးမှု အတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအတွက် အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက တောင်တွင်ကြီးမြို့နယ် သကြားစက်ရုံ(ကံလှ) တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံ အရာရှိ ဦးမိုးကျော်မြင့်က အကျိုးခံစားခွင့် ငွေကျပ် ၈၂ သိန်း ၅ သောင်းကို ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


