တောင်တွင်းကြီး   နိုဝင်ဘာ   ၂

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၁ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ပညာသင် ကြားလျက်ရှိကြောင်း သိရသည်။ 

ကျောင်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိ ဆရာ/ ဆရာမ များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေစေ၍ သင်ခန်းစာများ ပို့ချသင်ကြားစေပြီး တောင်တွင်းကြီးမြို့နယ်အတွင်း အခြေခံပညာမူလတန်း ကျောင်း(၁၁၀)ကျောင်း၊ မူလတန်းကျောင်းခွဲ(၁၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၄၃)ကျောင်း၊ အလယ်တန်းကျောင်း(၂၆)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၃၃)ကျောင်း၊ အထက်တန်းကျောင်း (၁၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၅)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း ပေါင်း(၂၅၃) ကျောင်းတွင် ကျောင်းအပ်နှံထားသော ကျောင်းသား/သူများ တက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။ 

ထို့နောက် မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကျောင်းသား/သူများအား အားပေး စကား ပြောကြားပြီး ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းလုံခြုံရေးနှင့် ကျောင်းသား/သူများလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

၅၈၀