တောင်တွင်းကြီး အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေး နည်းပညာဖြင့် စိုက်ပျိုးထားသော တရုပ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာနှင့် ကွမ်းခြံစုကျေးရွာအနီးရှိ မိုးစပါး စံပြစိုက်ကွင်း ဧက ၁၀၀ တွင် ဧရာမင်း မျိုးသန့်မိုးစပါးများ စိုက်ပျိုးထားရှိရာ စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဧရာမင်းမျိုးသန့် စပါးခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအုပ်စုများအလိုက် တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး နည်းပညာများကို ကွင်းဆင်းဆောင်ရွက် အသိပညာပေးလျက်ရှိကြောင်း သိရသည်။
နိုင်၀င်း(ပြန်/ဆက်)


