တောင်တွင်းကြီး ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မကွေးတိုင်းဒေသကြီး စားသုံးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာတို့၏ စီစဉ်မှုဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီမှ စတင်၍ ချောင်းနက်ဈေး၊ တောင်တွင်းကြီးမြို့မဈေးတို့၌ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ဆီ(၁)ပိဿာလျှင် ၅၉၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာ ဦးစီးမှူး ဒေါ်ဌေးဌေးခေါင်းဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ဝင်း(ပြန်/ဆက်)


