တောင်တွင်းကြီး အောက်တိုဘာ ၄

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီမှစ၍ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို (စတုတ္ထနေ့) ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။

 

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ()ခု ကျေးရွာအုပ်စု (၁၆)၊ ကျေးရွာပေါင်း (၂၅)ရွာရှိ ကောက်ကွက်ပေါင်း (၄၃)ကွက်စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၂၁၇)ဦးက လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈)ချက် မေးမြန်းကာ Mobile Tablet များ အသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်၊ အဖွဲ့ဝင်() ဗိုလ်မှူး ကျော်ဇင်ညွှန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းဇော်မင်းတို့က လှည့်လည်ကြီးကြပ်၍ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

နောင်နောင် (ဗိဿနိုးမြေ)