၂၂ သြဂုတ် 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ လာမယ့်သီတင်းပတ်အတွင်းမှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ တောင်တရုတ်ပင်လယ် ကိစ္စကို  ဆွေးနွေးရန် သွားရောက်ဖို့ရှိနေပါတယ်။ 

 

15

 

ဖိလစ်ပိုင်နိုင်ငံတွင်းမှာ တောင်တရုတ်ပင်လယ်ကိစ္စ နဲ့ပတ်သတ်ပြီး ဘေဂျင်းကို ရင်ဆိုင်ရန် ဖိအားတွေရှိနေရာ တရုတ်နိုင်ငံကို သြဂုတ် ၂၈ ရက်နေ့မှာ သွားရောက်ပြီး စက်တင်ဘာ ၂ ရက်နေ့မှာ နိုင်ငံကို ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။ 

 

17

 

သမ္မတ ဒူတာတေးက သူ့အနေနဲ့ သမ္မတရာထူးကို တာဝန်ယူထားတဲ့ သက်တမ်းဟာ နောက်ထပ် နှစ်နှစ်ကျော်ဘဲ ကျန်တော့တယ်။ အဲဒါကြောင့် တောင်တရုတ်ပင်လယ်ကိစ္စကို အခုချိန်မှာစပြီး ဆွေးနွေးဖို့လိုပြီလို့ သြဂုတ်လဆန်းပိုင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

 

015

 

ဒူတာတေးဟာ ၂၀၁၆ ခုနှစ်က ရွေးကောက်ခံပြီးနောက်  ဖိလစ်ပိုင်- တရုတ်နိုင်ငံတို့ရဲ့ အေးစက်နေတဲ့ သံတမန်ဆက်ဆံရေးကို ဒီခရီးစဉ်နဲ့  ပြန်လည်သက်ဝင်လာတာဖြစ်ပါတယ်။ 

ဖိလစ်ပိုင်ရေပိုင်နက်ထဲကို တရုတ်စစ်သင်္ဘောတွေ ဖေဖော်ဝါရီကနေ ဂျူလိုင်လအတွင်း ခွင့်ပြုချက်မရှိဘဲ မကြာခဏ ဖြတ်သန်းခဲ့တဲ့အတွက် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးကလည်း  ဒီလဆန်းပိုင်းက ပစ်တင်ပြောဆိုခဲ့ ပါသေးတယ်။ 

သမ္မတ ဒူတာတေးက ဖိလစ်ပိုင်ရေပိုင်နက်ကို ဖြတ်သန်းမယ့် နိုင်ငံခြားသင်္ဘောတိုင်း မနီလာရဲ့ ခွင့်ပြုချက်ကို ကြိုတင်ရယူမယ်လို့  အမိန့်ထုတ်ခဲ့ပါတယ်။ အခုလို အမိန့်ထုတ်ထားခြင်းအားဖြင့် နားလည်မှု လွဲမှားတာကို ကျော်လွှားနိုင်မယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပန်နယ်လိုက အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပါတယ်။ 

MDN
ကိုးကား - AFP