ရန်ကုန်   ၁၃    စက်တင်ဘာ    
    

တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓသာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၂  ရက်နေ့ ညနေ ၄ နာရီအချိန် ဥက္ကလာပစေတီတော် မဟာမုနိဓမ္မာရုံ၌ ကျင်းပရာ ဦးစီးကော်မတီနာယက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်၊ ဦးစီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာများ၊ ဗုဒ္ဓသာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအသီးသီးမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကာ တက်ရောက်လာသူများမှ ဗိမ္မာန်တော်ကြီး အမြန်ဆုံး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဘဏ္ဍာငွေရရှိရေး ဆောင်ရွက်သင့်သည့် အစီအမံများကို အကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေးကို ညနေ ၆ နာရီအချိန်တွင် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သတင်းရရှိသည်။


MDN