တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်သူများအားတီဘီရောဂါ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေး

တောင်ဥက္ကလာပ        ၂၄  အောက်တိုဘာ     

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၅)ရပ်ကွက်၊ တကောင်းလမ်း၊ မြသိန်းတန်ဓမ္မာရုံတွင် ပြည်ထောင်စုတီဘီတိုက်ဖျက်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများမှပူးပေါင်း၍ TB Mobile Team အစီအစဉ်ဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား တီဘီရောဂါကျန်းမာရေး စစ်ဆေးမှုများကို အောက်တိုဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ၆နာရီထိ ကုသဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်ရေးအသင်းမှ ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ပြီး ဓာတ်မှန်ရိုက်ပေးခြင်းနှင် ကျန်းမာရေးစစ်ဆေးမှားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

ဝင်းထက်ထက်အောင် ( ပြန်/ဆက်)