တောင်ဥက္ကလာပ အောက်တိုဘာ   ၈

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့ နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဝေဇယန္တာဓမ္မာရုံ တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊ စားဆီ တစ်ပိဿာလျှင် ၄၁၅၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)