ရန်ကုန် ၅  ဖေဖော်ဝါရီ

           

တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ကြီးကြပ်ဆောင်ရွက်ပေးမည့် နိုင်ငံသား စိစစ်ရေကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဖေဖော်ဝါရီ ၈ ရက် နံနက် (၁၀) နာရီမှစတင်၍ တောင်ဥက္ကလာပ မြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်သည်။

 

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမည့်အစီအစဉ်တွင် အမှတ်(၉) ရပ်ကွက်အတွင်း နေထိုင်သော အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် (၁၈)နှစ်ပြည့်ပြီးသူများ ပါဝင်မည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီးပျောက်ဆုံးခြင်းအား ပြန်လည် ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

သို့ဖြစ်ပါ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လျှောက်ထားမည့်  မှတ်ပုံတင်အသစ် ပြုလုပ်မည့် သူများသည် (ဝ.၈) ဆိုဒ်ရှိ ဖြူမဲဓါတ်ပုံ(၅)ပုံ၊ မိခင်ဖခင်မှတ်ပုံတင်မူရင်း မိတ္တူ၊ မွေးစာရင်း မူရင်းမိတ္တူ၊ သွေးအုပ်စု စစ်ချက် မူရင်းမိတ္တူ၊ ကျောင်းထောက်ခံစာ မူရင်းမိတ္တူ၊ သန်းခေါင်စာရင်းမူရင်းမိတ္တူ တို့လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင် ပျက်စီးပျောက်ဆုံးခြင်း ပြန်လည်ပြုလုပ်မည့်သူများသည် (ဝ.၈)ဆိုဒ်ရှိ ဖြူမဲဓါတ်ပုံ(၅)ပုံနှင့် သန်းခေါင်စာရင်း မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

နေထက်အောင်