ရန်ကုန် ၂၄ ဒီဇင်ဘာ    

      

တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ လက်သန့်ဆေး (Hand Gel) ပြုလုပ်နည်း သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

 

85

 

အဆိုပါ သင်တန်းကို ဆရာမ ဒေါ်စမ်းစမ်းနွဲ့မှ အခမဲ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား ၂၀  တက်‌ရောက်သင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

 

5

 

နေထက်အောင်(ပြန်/ဆက်)