တောင်ဥက္ကလာပ ၁၂ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်းပေါ်ရှိ သုမင်္ဂလာပန်းခြံတွင် ကျင်းပလျက်ရှိသော မီးထွန်းပွဲတော်ကို ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါမီးထွန်းပွဲတော်သို့ လူကြီး၊ လူငယ် အသက်အရွယ်မရွေး လာရောက်ခဲ့ကြပြီး မီးအလှများဖြင့် လှပနှစ်သက်ဖွယ် အလှဆင်ထားကြောင်း သတင်းရရှိသည်။
ဝင်းထက်ထက်အောင် (ပြန်/ဆက်)


