ရန်ကုန် ဧပြီ ၂

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့တွင် ဘာသာရပ်အလိုက် တောင်ဥက္ကလာပမြို့နယ် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ဆက်လက်ဖြေဆိုသည်။

 

ပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုဟူ၍ ဝင်ရောက်ဖြေဆိုသည့် ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းစာရင်းရှိ ၂၃၈ ပါး၊ ဖြေဆို ၁၈၁ ပါး၊ ပျက်ကွက် ၅၇ ပါးတို့ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

 

အဆိုပါ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးအဖွဲ့များ၊ မြို့နယ်သာသနာရေးမှူးများနှင့် ဂေါပကအဖွဲ့များက စာဖြေသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၏ ဆွမ်း ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို  ဝိုင်းဝန်းကာ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)