ရန်ကုန် ၂၄ ဧပြီ          

 

တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားကြီးများအား ရိက္ခာများလှူဒါန်းခြင်းကို ယမန်နေ့  မွန်းလွဲ(၂)နာရီက အလှူရှင်များ နှင့်ပူးပေါင်း၍ စုရပ်များအသီးသီး၌ ပေးဝေလှူဒါန်းခဲ့သည်။

 

မြို့နယ်အတွင်းရှိ အလှူရှင်များလှူဒါန်းသော ရိက္ခာများတွင် ဆန်၊ ဆီ၊ ကြက်ဥ အစရှိသည်တို့ပါဝင်ပြီး အနှေးယာဉ်အမှတ် ဥကတ-၄၀၁ မှ ၆၀ဝ အထိအား စုရပ်များဖြစ်သော ၁၁ရပ်ကွက် မေတ္တာရေကန်ရှေ့၊ စည်ပင်ရုံးရှေ့၊ စာတိုက် ဂက်စ်ဆိုင်ရှေ့ နှင့် စာတိုက် အနှေးယာဉ်ဂိတ်ရှေ့များ၌ စနစ်တကျပေးဝေခဲ့သည်။ ထို့ပြင် အနှေးယာဉ် လုပ်သားကြီးများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ပညာပေးခြင်းနှင့် အနှေးယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နေထက်အောင်