ရန်ကုန် ၁၀ မတ်
No Plastic Campaign အဖွဲ့မှ ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များ စနစ်တကျပစ်စေရန် ရည်ရွယ်၍ (၈၂)ကြိမ်မြောက် အသိပညာပေး စုပေါင်းအမှိုက်ကောက်ပွဲကို မတ် ၈ ရက်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက် ဟံသာဝတီအတွင်း လမ်းများ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး စုပေါင်းအမှိုက်ကောက်ပွဲကို မြို့နယ်အတွင်း နေထိုင်သူများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အားကစားသင်တန်းများမှ အားကစားသမားများ၊ ပရဟိတအဖွဲ့အစည်းများ စုပေါင်းပါဝင်၍ အသိပညာပေး အမှိုက်ကောက်လှုပ်ရှားခဲ့ကြသည်။
ထို့ပြင် (၆)ရပ်ကွက် မိသားစုများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများအား နံနက်စာများ ကျွေးမွေးခဲ့ကြသည်။ အလားတူ မတ် ၁၅ ရက်တွင်လည်း (၈၃)ကြိမ်မြောက် Campaign ကို တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ပရဟိတလုပ်ငန်းများကို စိတ်ဝင်စားကြသူများနှင့် မိမိတို့နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်သန့်ရှင်းပြီး အမှိုက်ကင်းစင်တဲ့ ပတ်ဝန်းကျင်အဖြစ် လိုလားသူများ မည်သူမဆို ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားကြောင်း သိရသည်။
နေထက်အောင်