ရန်ကုန်  ၄  ဇွန်

တောင်ဥက္ကလာပမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့မိမြို့ဖအလှူရှင်များ ပူးပေါင်း၍ မြို့နယ်အတွင်း သီတင်းသုံးတော်မူသော သံဃာ‌တော်၊ သာမဏေနှင့် သီလရှင်များအား ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ဇွန် ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၃)ရပ်ကွက်ရှိ ငွေကြာရံပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ လှူဒါန်းပွဲတွင် မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ပြီး သံဃာတော်၊ သာမဏေ နှင့် သီလရှင်များအတွက် တစ်ပါးလျှင် ဆွမ်းဆန် ၂ ပြည်နှုန်းဖြင့် ဆွမ်းဆန်‌တော်အိတ် ၁၄၀ နှင့် ပဲ ၈၂၅ ပိဿာအား  မြို့နယ်သံဃာနာယက က္ကဋ္ဌ ဆရာတော်နှင့် ရပ်ကွက် သံဃာက္ကဋ္ဌ ဆရာတော်များထံသို့ ဆက်ကပ်လှူဒါန်း၍ ရေစက်ချအလှူပြုလုပ်ခဲ့ကြောင်း သိရသည်။

နေထက်အောင်