ရန်ကုန် ၅  ဧပြီ                       

 

တောင်ဥက္ကလာပမြို့နယ်၌ We Love South Okkalapa အဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်မှုပြုနိုင်ရေး ပြည်သူများအား ကူညီသည့်အနေဖြင့် ဧပြီ ၄ ရက် မွန်းလွဲပိုင်းမှ စတင်ကာ စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။

 

0336

 

ထိုကဲ့သို့ လိုက်လံရောင်းချပေးရာတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ကော်ဖီ၊ ကွေကာ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူးများ ပါဝင်ပြီး အိမ်ထောင်စု ၆၀ဝ စုအတွက် လိုက်လံရောင်းချပေးခဲ့သည်။ အဆိုပါ လိုက်လံရောင်းချပေးမှုကို တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ (၁၃)ရပ်ကွက်၊ (၁၄)ရပ်ကွက်၊ (၁၅)ရပ်ကွက်နေ ပြည်သူများထံသွားရောက်၍ လိုက်လံရောင်းချပေးခဲ့ပြီး အိမ်ထောင်စု ၁ စုအတွက် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ကော်ဖီ ၁၀ ထုပ်၊ ကွေကာ ၅ ထုပ်၊ ခေါက်ဆွဲခြောက် ၅ ထုပ်နှင့် ငါးသေတ္တာဘူး ၅ ဘူးအား ဈေးနှုန်း ၁၅၀ဝ၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။

 

5856

 

We Love South Okkalapa အဖွဲ့မှ စားသောက်ကုန်များအား ပြည်သူများထံအရောက် ဈေးနှုန်း ချိုသာစွာဖြင့် လိုက်လံရောင်းချပေးခြင်းသည် ယခုအခါဆိုလျှင် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အလှည့်ကျ လိုက်လံရောင်းချပေးခြင်းလည်းဖြစ်သည်။

 

2528

 

ထို့ပြင် စားသောက်ကုန်များ ဝယ်ယူရန် လိုအပ်လာပါက တောင်ဥက္ကလာပမြို့နယ် စည်ပင် သာယာရေး ကော်မတီရုံးရှေ့သို့ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

 

နေထက်အောင်

 

2354