ရန်ကုန် မတ် ၁၆

 

တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံယဉ်ကျေးလိမ္မာသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်သည်။

 

ဦးစွာ သင်တန်းဆရာမ ဒေါ်သိင်္ဂီဝင်းနှင့် ဒေါ်အေးအေးမြင့်တို့က သင်တန်းတွင် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်၊ အိမ်ယဉ်ကျေးမှု၊ လမ်းယဉ်ကျေးမှု၊ ကျောင်းယဉ်ကျေးမှု၊ ယဉ်ကျေးလိမ္မာဆုံးမစာများကို သင်ကြားပို့ချသည်။

 

သင်ကြားပို့ချ

သင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူ ၄၀ တက်ရောက်သင်ယူကြပြီး သင်တန်းကာလကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)