တောင်ဥက္ကလာပ၊ ၁၇ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း နှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဒီဇင်ဘာ ၁၆ ရက်က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေ၊ ကျောင်းသား (၅၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော် နှင့် ဇနီး ဒေါ်နန်းချိုချိုပြုံး မိသားစုတို့က ဆွမ်းဆန်တော် (၁၀)အိတ်၊ ပဲကတ္တီပါ (၂)အိတ်၊ ကုလားပဲ (၁)အိတ်နှင့် ကြက်ဥ အလုံး(၅၀၀) အစ ရှိသည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ရာ အလှူရှင်များကိုယ်စား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့က ကျောင်းအုပ် ဆရာတော်ထံ သွားရောက်၍ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ဇနီး ဒေါ်ထွေးသီတာ မိသားစုက ကြာဆံ(၈)ထုပ် နှင့် ငါးသေတ္တာ (၂) ဖာ အစရှိသော လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နေထက်အောင်


