နေပြည်တော်၊ ဩဂုတ် ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် တောင်ဉက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သံသုမာ လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ခိုင်ငြိမ်းနှင့် အောင်ထက်ကျော် တို့ကို ရှာဖွေရာ ကျော်ခိုင်ငြိမ်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် မြောက်ဉက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သုဓ္မာလမ်းတွင် ကိုဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် ကျော်ခိုင်ငြိမ်း၊ အောင်ထက်ကျော်၊ ကိုဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)