တောင်ဥက္ကလာပ ၁၉ မေ
တောင်ဥက္ကလာပ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသော ပြည်သူများအနေဖြင့် အိမ်အပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်းတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်သူများအား မေ ၁၈ ရက်၊ နံနက်(၉)နာရီမှစတင်၍ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ထုတ်ပြန် ထားသော လူစုလူဝေးမဖြစ်စေရေး၊ နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်းတပ်ဆင်ရန် အပါအဝင် အခြားသော ကြေညာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသူများအား ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေထက်အောင်


