ရန်ကုန် ၂ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်း၌ Facility Quarantine Center အဖြစ် ဖွင့်လှစ်၍ ထားရှိသော စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုကို တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ တာဝန်ရှိဆရာ၊ ဆရာမများမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း Facility Quarantine Center တွင်ထားရှိသည့် စောင့်ကြည့်လူနာ(၅၀)ဦးထံမှ ပထမအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေထက်အောင်