တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်  မှောင်ခိုကူးသန်းရောင်းဝယ်မှုများကို အင်တာပို ဖြိုခွင်း

 

 

လိုင်ယွန်၊ ဒီဇင်ဘာ ၃၁

 

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပို)က ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် မှောင်ခိုကူးသန်းရောင်းဝယ်မှုများကို  ဖြိုခွင်းနိုင်ခဲ့ပြီး  နိုင်ငံပေါင်း ၁၃၀ ကျော်၌ ဖမ်းဆီးမှု ၅၀၀ ခန့် ပြုလုပ်ခဲ့သည်။

 

အင်တာပိုက ယခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံပေါင်း ၁၃၃ နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ တရားမဝင်ရောင်းဝယ်မှုများကို ရပ်တန့်ရန်ဆောင်ရွက်ခဲ့ရာ တောရိုင်းတိရစ္ဆာန်နှင့် အပင် စုစုပေါင်း ၂၁၁၄ မျိုးကို သိမ်းဆည်းရမိခဲ့ကြောင်း  ပြောကြားသည်။

 

mdn

 

ဖမ်းဆီးရမိမှုများအနက် ဆင်စွယ်ကီလိုဂရမ် ၃၀၀ ကျော်၊ ထောင်ပေါင်းများစွာသော လိပ်ဥများ၊ အပင် တန် ၃၀၊ ဒါဇင်ပေါင်းများစွာသော ကျားမျိုး စိတ်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ကြံ့ချိုများအပြင် မျောက်ဝံများ၊ ငှက်များ၊ အဏ္ဏဝါမျိုးစိတ်များနှင့် ကွန်တိန်နာ  အလုံး ၄၄၀ နှင့် ညီမျှသော ကျွန်းသစ် ၂၆၂၄ ကုဗမီတာကိုလည်း သိမ်းဆည်းရမိ သည်။ ယင်းတို့အနက် ထိုင်းနိုင်ငံရှိ လေဆိပ်တစ်ခုတွင် ဥရောပသို့ပို့ဆောင်ရန် ထုပ်ပိုးထားသော လက်ဆွဲသေတ္တာထဲတွင် မျိုးသုဉ်းလုနီးပါး လိပ် ၁၇ ကောင်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။

 

တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုများ၏ ၆၀ ရာခိုင်နှုန်းသည် နိုင်ငံဖြတ်ကျော် ဖွဲ့စည်းထားသော ရာဇဝတ် ဂိုဏ်းများနှင့်  ဆက်စပ်နေသည်ဟု အင်တာပိုကပြောကြားခဲ့သည်။ ၎င်းတို့၏ ရာဇဝတ်မှုများသည် စာရွက်စာတမ်း အတုများကို အသုံးပြုခြင်းနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များကဲ့သို့သော ခေတ်မီနည်းလမ်းများဖြင့် ရာဇဝတ်မှုများကို လုပ်ဆောင်လာကြောင်း အေဂျင်စီက ပြောကြားသည်။     

         

အင်န်အိတ်ချ်ကေ