တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အန္နဝါအီဘရာဟမ် ချက်ချင်း လွတ်လာတော့မယ်

၁၁ မေ

အဖမ်းခံနေရတဲ့ မလေးရှားအတိုက်အခံခေါင်းဆောင် အန္နဝါ အီဘရာဟမ်ကို မလေးရှား စူတန် တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ချက်ချက်လွတ်လာတော့မယ်လို့ မလေးရှားဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးကာစ ဝန်ကြီးချုပ်အသစ် မဟာသီယာ မိုဟာမက်က ဒီကနေ့ ပြောပါတယ်။ 

အန္နဝါ အီဘရာဟမ် လွတ်လာရင် နိုင်ငံရေးမှာ လွတ်လွတ်ကျွတ်ကျွတ် ပါဝင်လာမှာပါလို့လည်း ထပ်လောင်း ပြောကြားပါသေးတယ်။

အန္နဝါ အီဘရာဟမ် လွတ်လာပြီး လွတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီးပြီးချင်း သူဟာ နေရာဖယ်ပေးသွားမယ်၊ လက်ရှိ အစိုးရအဖွဲ့ကို သေးသေးနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းသွားမယ်။ အဓိက ဝန်ကြီးဌာန ၁၀ ခုသာ ပါဝင်မယ်လို့  ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောပါတယ်။

မဟာသီယာရဲ့ ပြောခွင့်ရသူက မလေးရှားမှာဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူကိစ္စကို ကိုင်တွယ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

မနေ့ညပိုင်းက မလေးရှားစူတန်တော်ဝင်တွေရှေ့မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ မဟာသီယာ မိုဟာမက်ဟာ ကမ္ဘာမှာ အသက်အကြီးဆုံး ဝန်ကြီးချုပ်တစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

MDN.

ကိုးကား- CNA/Reuters/