၄ ဒီဇင်ဘာ

ကမ္ဘာလောကကြီး ခေတ်မီတိုးတက်လာသောအခါတွင် အသုံးအဆောင်ပစ္စည်းများအား အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် ခေတ်မီနည်းစနစ်ဖြင့် တီထွင်ဆန်းသစ်ထုတ်လုပ်ထားသော ကြားခံပစ္စည်း။ တစ်မျိုးပေါ်ပေါက်လာသည်။ ယင်းမှာ သဘာဝတွင်းထွက်ပစ္စည်းများဖြင့် ပြုပြင်စီမံထုတ်လုပ်ထားသော ပလတ်စတစ်ဖြစ်သည်။ မျက်မှောက်ကာလတွင် လူသုံးကုန်မည်သည့်ပစ္စည်းမဆို ပလတ်စတစ်နှင့် ကင်းနိုင်သော အရာဝတ္ထု မရှိသလောက်ပင် ဖြစ်လာသည်။

လူတို့၏ တီထွင်ကြံဆမှုသည် လူသားကောင်းကျိုးများ ဖြစ်ထွန်းလာသလို နောက်ဆက်တွဲဆိုးကျိုးများလည်း ပေါ်ပေါက်လာသည်ကို နယ်ပယ်အစုတွင် တွေ့မြင်ရသည်။ ပလတ်စတစ်ဟူသော လူသုံးကုန် ကုန်ကြမ်းပစ္စည်းတစ်မျိုး ဖြစ်ပေါ်လာရန်အတွက်သဘာဝတွင်းထွက်စ္စည်း များဖြစ်သော ကျောက်မီးသွေး သဘာဝဓာတ်ငွေ့၊ ဆား၊ ရေနံစိမ်းတို့ဖြင့် ဓာတ်ပြုစီမံထုတ်လုပ်ထားသည်။ ရေနံစိမ်းတစ်မျိုးသည်ပင်ဒြပ်ပေါင်းများစွာ စုပေါင်းထားသော အရောအနှောတစ်မျိုးဖြစ်သည်။

ထိုဒြပ်ပစ္စည်းများဖြင့် ပြုပြင်စီမံထုတ်လုပ်ထားသော ပလတ်စတစ် ပစ္စည်းသည်လူသားတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုလျက်ရှိသည် သုံးစွဲရာတွင် ဈေးနှုန်းသက်သာခြင်း၊ တာရှည်အသုံးပြုနိုင်ခြင်း၊ ပေါ့ပါး သေသပ်လှပပြီး သယ်ဆောင်ရလွယ်ကူခြင်း၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို အလွယ်တကူပြုလုပ်နိုင်ခြင်း၊ ကုန်ပစ္စည်းအားလုံးတို့ကို စနစ်တကျ သေသသပ်သပ်ထုပ်ပိုးနိုင်ခြင်းစသည့် ကောင်းကျိုးများကြောင့် ပလတ်စတစ် ဆိုးကျိုးကို လူတို့လျစ်လျူရှုက ထွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။ 

သို့ရာတွင် လူသားတို့ အသုံးပြုနေသော ပလတ်စတစ်ပစ္စည်းသည် - လူသားတို့သာမက သက်ရှိသတ္တဝါများကိုပါ အန္တရာယ်ပေး ခြိမ်မြောက်လာသည်။ လူတို့မန့်ပစ်လိုက်သော ပလတ်စတစ်အမှိုက်များသည် မြစ်၊ ချောင်း၊ မြောင်းများမှတစ်ဆင့် ပင်လယ်အတွင်းသို့ပင် ရောက်ရှိသွားသည်။ ယင်းတို့ကို ရေသတ္တဝါများ ကုန်သတ္တငါးမျိုးများ စားသုံးခြင်းကြောင့် သေဆုံးမှုများ ဖြစ်ခဲ့ကြသည်ကို မြင်တွေ့နေရသည်။ စွန့်ပစ်ပလတ်စတစ် အမှိုက်များမှာ ကုန်းပေါ်တွင်လည်း တောင်ပုံရာပုံပြန့်ကျဲနေပြီး ရေထဲတွင်လည်း စီးမျောနေသည်။

ယင်းကို ဓာတုဗေဒဒြပ်ပေါင်းနည်းဖြင့် ထုတ်လုပ်ထားသောကြောင့် ဓာတ်ပြုမှုဖြစ်ပေါ်နိုင်သည်။ ရေ၊ အချိုရည်၊ အစားအသောက်တို့အတွက်ထုပ်ပိုးထားသည့် ပလတ်စတစ်များသည် ပြုပြင်သည့်အရာ သို့မဟုတ် ပူပြင်းသောနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောအခါ ဓာတုပစ္စည်းများ၊ စိမ့်ထွက်လာပြီး အစားအသောက်၏ ဂုဏ်သတ္တိများ အဟာရဓာတ်များ ပြောင်းလဲနိုင်သည့်အပြင် လူတို့၏ကျန်းမာရေးကို တစ်စတစ်စ ထိခိုက်နိုင် သည်။ ။

အစားအသောက်များကို ထုပ်ပိုးရာတွင် သုံးစွဲရန်မသင့်သည့် ပလတ်စတစ်များကို သုံးစွဲပါက အအစာမှတစ်ဆင့် လူ့ကိုယ်ထွင်မှ ဟော်မုန်းဓာတ်များကို ပြောင်းလဲနိုင်သည်း အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများ နှလုံးရောဂါ၊ အသည်းရောဂါ၊ အဆုတ်ရောဂါများမှအစ ကင်ဆာရာဂါကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အစားအသောက်ထုတ်လုပ်သူများအား အစား အသောက် ထုပ်ပိုးရာတွင် အသုံးပြုရမည့် ပလတ်စတစ်အဆင့်အတန်းကို အသိပေးထားသည်။ အသုံးပြုနိုင်သော ပလတ်စတစ်အဆင့်အတန်းကိုသာ အသုံးပြု၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် နှိုးဆော်ထားသည်။ ၎င်းထုတ်လုပ် ထားသောပစ္စည်းများကို သတ်မှတ်အပူချိန်၌သာ သိုလှောင်ဖြန့်ဖြူးရောင်းချရန် တိုက်တွန်းသည်။

သို့ဖြစ်ရာ တိုးတက်နေသောခေတ်ကာလ၌ ပလတ်စတစ်ပစ္စည်းများကို မပစ်ပယ်နိုင်သေးသော်လည်း အများပြည်သူနှင့် သက်ရှိသတ္တဝါများ မပျက်စီးရေးအတွက် သုံးစွဲမှုလျှော့ချရန်နှင့် စနစ်တကျအသုံးပြုရန်၊ စွန့်ပစ်ရာတွင်လည်း သုံးစွဲသူပြည်သူများ ကျန်းမာရေးအသိပညာ တိုးတက်မြင့်မားရေးနှင့် ထုတ်လုပ်သူများအနေဖြင့်လည်း လူသတ္တဝါများ ဘေးအန္တရာယ်မဖြစ်စေရန် အသုံးပြုသင့်သော ပလတ်စတစ်ပစ္စည်းများကိုသာ အသုံးပြုကြပါရန် လေးစားအားဖြင့် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ