တေလာဆွစ်အတွက် အအောင်မြင်ဆုံး ည

၂၇ နိုဝင်ဘာ

အဆိုတော်တေလာဆွစ်ဟာ အမေရိကန်ဂီတထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးဖျော်ဖြေခဲ့ပြီး အအောင်မြင်ဆုံး အနုပညာရှင်အဖြစ် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်အတွင်းအကောင်းဆုံး အနုပညာရှင်အဖြစ် ဆုချီးမြှင့်ခံရတဲ့ပွဲမှာ တေလာဆွစ်ဘက်ကလည်း အကောင်းဆုံးပြန်လည် ဖျော်ဖြေပေးခဲ့ပါတယ်။ တေလာဆွစ်နဲ့ မန်နေဂျာဖြစ်သူ Scooter Braun တို့ ကြားမှာ အငြင်းပွားမှုတွေကလည်း မပြီးပြတ်သေးပါဘူး။ မကြာသေးခင် အချိန်ကမှ မူပိုင်ခွင့်ပြဿနာနဲ့ အငြင်းပွားမှုတွေ အရှိန်ကောင်းလာပြီး ဆုပေးပွဲ ညမှာလည်း တေလာဆွစ်ဟာ သူအစောပိုင်းဆိုခဲ့တဲ့ သီချင်းတွေနဲ့ သီဆိုခဲ့ရပါတယ်။

သူရဲ့နာမည်ကျော်သီချင်းတွေဖြစ်တဲ့ Love Story ၊ I Knew You Were Trouble နဲ့ Blank Space အစရှိတဲ့သီချင်းတွေ သီဆိုခဲ့ပါတယ်။ အဲဒီနောက် ကာရိုလီကင်းက တေလာဆွစ်ကို ဆယ်စုနှစ်အတွင်း အကောင်းဆုံး အနုပညာရှင်ဆုကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဒီဆုကိုရတာ ယုံတောင် မယုံနိုင်ဘူးလို့ တေလာဆွစ်က ပြောပါတယ်။ တေလာဆွစ်ဟာ စုစုပေါင်း ဆုခြောက်ဆု ရရှိခဲ့ပါတယ်။ ဆုပေးပွဲနေ့မှာတော့ တစ်နှစ်တာအတွက် အအောင်မြင်ဆုံး အနုပညာရှင် ဖြစ်ခဲ့သလို အမေရိကန် ဂီတထူးချွန်ဆုပေးပွဲမှာ ဆုပေါင်း ၂၆ ဆုရရှိခဲ့တဲ့ အနုပညာရှင်အဖြစ် မှတ်တိုင်ထူနိုင်ခဲ့ပါတယ်။

စီအင်န်အင်န်