တေလာဆွစ်ကို ခေါင်းညိတ်စေခဲ့တဲ့ လူပီတာညောင်အို

၅  ဖေဖော်ဝါရီ

 

ကျော်ကြားတဲ့ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ လူပီတာညောင်အိုဟာ ရုပ်ရှင်သစ်အတွက် တေလာဆွစ်ရဲ့ တေးသီချင်းကို အသုံးပြုလိုကြောင်း ပေါ့ပ်ကြယ်ပွင့်ထံစာရေးသား တောင်းဆိုခဲ့ရာ မှာတော့တေလာဆွစ်က အသုံးပြုခွင့် ပေးလိုက်တာဖြစ်ကြောင်း လတ်တလောမှာ လူပီတာညောင်အိုက ထုတ်ဖော်ပြောကြားလာတာ ဖြစ်တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

လူပီတာညောင်အိုရဲ့ နောက်ဆုံးရုပ်ရှင် “Little Monsters” မှာ တေလာဆွစ်ရဲ့ကျော်ကြားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Shake It Off” ကို ထည့်သွင်းအသုံးပြုခဲ့ကြောင်း သိရပါတယ်။ တေလာဆွစ်ရဲ့ တေးသီချင်းကို သူ့ရဲ့ရုပ်ရှင်မှာ သီဆိုဖို့ရာ တေလာဆွစ်ဆီက ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း၊ တေလာဆွစ်ထံကို ကိုယ်တိုင်စာရေးသားကာ ဒီသီချင်းနဲ့ပတ်သက်တဲ့သူ့ရဲ့ အမှတ်တရတွေကိုလည်း တစ်ပါတည်း ထည့်သွင်းရေးသား ပေးပို့ခဲ့ရာမှာတော့ တေလာဆွစ်က အသုံးပြုခွင့်ပေးလိုက်ကြောင်း လူပီတာညောင်အိုက ဆိုပါတယ်။

 

အေးပြည့်