၂၇ သြဂုတ်
တောင်ကိုရီးယားရဲ့ ကမ္ဘာကျော် အမျိုးသားတေးဂီတအဖွဲ့“BTS”ဟာ လတ်တလောမှာတော့ တေးအယ်လ်ဘမ် သစ်ကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ယင်းတေးအယ်လ်ဘမ်သစ်မှာပါဝင်တဲ့ တေးဗီဒီယိုဟာ အမေရိကန် ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ရဲ့စံချိန်ကို ကျော်လွန်ခဲ့တာဖြစ်ကြောင်း အီးတီအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အဖွဲ့ရဲ့ “Idol” တေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့သည်မှာ ၂၄ နာရီအတွင်း ယူကျုပေါ်မှာ ကြည့်ရှုသူပရိသတ်အများဆုံးဖြစ်လာခဲ့ပါတယ်။ ယခင်က ဒီစံချိန်ကို ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်က ရယူထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ “BTS” က အံ့အားသင့်ဖွယ် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
“Idol” တေးဗီဒီယိုကို ၂၄နာရီအတွင်း ကြည့်ရှုသူ ၅၆ သန်းကျော် ရှိခဲ့ပြီး တေလာဆွစ်ရဲ့ “Look What You Made Me Do” တေးဗီဒီယိုကတော့ ၄၃ သန်းရရှိခဲ့ပြီး ယခင်က စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။
ဒါဟာ “BTS” အဖွဲ့အတွက်လည်း စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်က အဖွဲ့ရဲ့ စံချိန်တင်ထားတဲ့ “Fake Love” တေးဗီဒီယိုဟာ ၂၄ နာရီအတွင်း ပရိသတ်၃၅ သန်း ရရှိခဲ့တာဖြစ်တာကြောင့် “Idol”တေးဗီဒီယိုဟာအဖွဲ့ရဲ့ ၂၄ နာရီအတွင်း ပရိသတ်အများဆုံးသော တေးဗီဒီယို အဖြစ်လည်း စံချိန်သစ်တင်ခဲ့ပြီဖြစ်ပါတယ်။
အေးပြည့်