တေလာဆွစ်ရဲ့တေးသီချင်းသစ်ထုတ်လွှင့်

၁၅  ဇွန်

 

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဟာ လတ်တလောမှာတော့ သူ့ရဲ့တေးအယ်လ်ဘမ်သစ်မှာ ပါဝင်မယ့် တေးသီချင်းတစ်ပုဒ်ကို စတင်ထုတ်လွှင့်ပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ကြတာကို တွေ့ရပါတယ်။

 

တေလာဆွစ်ဟာ သူ့ရဲ့ တေးအယ်လ်ဘမ်သစ် “Lover” မှာ ပါဝင်သွားမယ့် တေးသီချင်းတစ်ပုဒ်ကိုတော့ လတ်တလောမှာ စတင်ထုတ်လွှင့်ပေးခဲ့ပါတယ်။ တေလာဆွစ် ထုတ်လွှင့်ပေးလိုက်တဲ့ တေးသီချင်းကတော့ “You Need to Calm Down” လို့ အမည်ရပြီး တေးသီချင်းသစ် ထုတ်လွှင့်မယ့်အကြောင်း ကြိုတင်အသိပေးခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေအနေနဲ့ အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုကြိုတင်ထုတ်ဖော်ပြောကြားခြင်းမရှိတာဟာ တေလာဆွစ်ရဲ့ပုံစံလို့ပဲ ပြောရမလို ဖြစ်နေပါတယ်။

 

တေလာဆွစ်ရဲ့ ပရိသတ်တွေ သိခဲ့ကြပြီးတဲ့အတိုင်း ပေါ့ပ်ကြယ်ပွင့်ဟာ ၁၃ ဆိုတဲ့ဂဏန်းကို အကြိုက်ဆုံးဖြစ်ပြီး သူ့ရဲ့ကံကောင်းစေတဲ့ ဂဏန်းအဖြစ်လည်း စွဲမှတ်ထားသူဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့တေးသီချင်းသစ်ကို ဇွန် ၁၃ ရက်မှာ စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ဟန်ရှိပါတယ်။ အဲဒီနေ့မှာပင် သူ့ရဲ့ တေးအယ်လ်ဘမ်သစ် “Lover” ကို စတင်ထုတ်လွှင့်ပေးသွားမယ့်နေ့ကိုလည်း ကြေညာခဲ့ပါသေးတယ်။ တေးအယ်လ်ဘမ်သစ်တစ်ခုလုံးကိုတော့ လာမယ့် ဩဂုတ် ၂၃ ရက်မှာ စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်း တေလာဆွစ်က သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပရိသတ်တွေကိုအသိပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်

ts