စလင်း ၁၇ ဇန်နဝါရီ

မင်းဘူးခရိုင်၊ စလင်းမြို့နယ် မီးသတ် ဦးစီးဌာနအနေဖြင့် အသံချဲ့စက်များဖြင့် မြို့တွင်းလှည့်လှည်၍ မီးသတိရှိရေး နှိုးဆော်ခြင်း၊ မီးအသုံးပြု ရောင်းချသော ဈေးဆိုင်များအား စနစ်တကျအသုံးပြုရေး စစ်ဆေးခြင်း၊ နေအိမ်များတွင် မီးချိတ်၊ မီကပ်၊ သဲ၊ ရေတို့ကို အသင့်ထားရှိရေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများသို့သွားရောက်၍ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ အရေးပေါ်မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ငြိမ်းသတ်ခြင်းတို့ကို သက်ဆိုင်ရာဌာနဝန်ထမ်းများကို သင်ကြားပြသလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများအား အရေးပေါ်မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ငြိမ်းသတ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြုလုပ်ခဲ့သည်။

ဦးစွာမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်က မီးလောင်မှုဖြစ်ပါ်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ မရောက်လာခင်အတွင်း အရေးပေါ် မီးငြိမ်းသတ်နည်း၊ မီးဘေးအန္တရာယ် ဖြစ်စေတတ်သော စ္စည်းများစနစ်တကျ သိုလှောင်ထားရှိရေး၊ မီးသတ် ဆေးဘူးများ လုံလောက်စွာထားရှိရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ဝန်ထမ်းများအား အရေးပေါ်မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းများကို သင်ကြားပြသ၍ လက်တွေ့မီးငြိမ်းသတ်ခြင်းများ ပြုလုပ်စေခဲ့ကြောင်းသိရသည်။

စိုးမိုးသူ (စလင်း)

 

mdn