မြို့သစ်  ၉  နိုဝင်ဘာ


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသော သဘာဝပတ်ဝန်းကျင်ကောင်း ဖြစ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အပတ်စဉ် သန့်ရှင်းရေးကို စနေေန့တိုင်းဆောင်ရွက်လျက်ရှိရာ ယေန့နံနက်(၇)နာရီက မြို့သစ်မြို့နယ် စည်ပင်ရုံးရှေ့မှ ဘောလုံးကွင်းလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

a


 

ဌာနဆိုင်ရာစုပေါင်းအမှိုက်ကောက်အဖွဲ့သည် နံနက် ၇ နာရီမှစတင်၍ မြို့သစ်မြို့နယ်စည်ပင်ရုံးရှေ့မှ ဘောလုံးကွင်းလမ်းတစ်လျှောက်ရှိ ခြုံနွယ်များနှင့် အမှိုက်များကို ဝန်ထမ်းအင်အား ၂၀၀ ခန့်ဖြင့် စုပေါင်းကောက်ယူသိမ်းဆည်းကြပြီး စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်(၂)စီးဖြင့် သတ်မှတ်နေရာအရောက်ပို့ဆောင်ခဲ့ကြသည်။


အဆိုပါအမှိုက်ကောက်အဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း(ပြန်ဆက်)