ချောင်းဆုံ ၁၈ ဇွန်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တီဘီရောဂါကင်းဝေး ပပျောက်ရေးအတွက် ပြည်နယ်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် IOM NGOအဖွဲ့တို့ ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် ကလွီကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ယနေ့ နံနက်ကစတင်ပြီး တီဘီရောဂါရှာဖွေရေးနှင့် ဆေးဝါးကုသရေး အခမဲ့ကွင်းဆင်း ဆေးကုသခဲ့သည်။
အဆိုပါ ကွင်းဆင်းဆေးကုသရာတွင် ပြည်နယ်တီဘီရောဂါရှာဖွေ ကုသရေးအဖွဲ့မှ ဒေါက်တာ သက်လွင်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျေးရွာပတ်ဝန်းကျင်ရှိ ပြည်သူ ၁၂၀ ကျော်အား တီဘီရောဂါရှာဖွေခြင်းကို Degital နည်းပညာဖြင့် ဓါတ်မှန်ရိုက်ရှာဖွေခဲ့ကြပြီး တီဘီရောဂါပိုး တွေ့ရှိသည့် ပြည်သူ ၆ ဦးအား ဆေးဝါးများ အခမဲ့ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)