နောင်ချို ၂၈ ဒီဇင်ဘာ
နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တီဘီရောဂါရှာဖွေကုသမှုနှင့် ပတ်သက်၍ မဖြစ်မနေ သတင်းပေးပို့ရန်အတွက် ထုတ်ပြန်ကြေငြာခြင်းအခမ်းအနားကို ယမန်နေ့က နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာကိုကိုက တီဘီရောဂါနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ရှင်းလင်းပြောကြားရာတွင် တီဘီရောဂါသည် ရက်(၂၀)ကျော် ဆေးသောက်ပါက ရောဂါပိုးမကူးစက်နိုင်ကြောင်း၊ တီဘီဆေးအား(၆)လတိတိ မှန်မှန်သောက်သုံးရန်လိုအပ်ကြောင်း၊ တီဘီဆေးအား ကျန်းမာရေးဌာနမှ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ တီဘီရောဂါရှိပြီဆိုလျှင် ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့ရန် လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို) ၊ ပြန်/ဆက်